ကြွေခဲ့သော...။

ကြိုးလေးတစ်ပင်
မချည်ခင်ကပြေ
မခိုင်ခင်ကပြတ်
မသတ်ခင်ကသေတဲ့
နွယ်မြက်သစ်ပင်လို
ပြိုပါစေ...
စိုပါစေ...
အရာရာအဆင်ပြေဖို့
ငိုစရာတွေပေးခဲ့လေသလား...
ခံစားချက်တွေ
အကြိမ်ကြိမ်စွေလို့
နေသားကျတဲ့အခါ
ကျောက်သားလို
မာကျောမှုရဲ့နောက်
ကောက်ကောက်ပါအောင်လိုက်ရင်း
ကြွေခဲ့သော... ဒီကောင်းကင်
ဖျော့တော့တုန်ရီနေပါပေါ့
အို... ကြွေခဲ့သော...
ကြွေခဲ့သော...
ကြွေခဲ့သော...
ကောင်းကင်...။
လေးစားစွာဖြင့်
သင်၏
အိပ်မက်ငယ်

1 comments:

jasmine(တောင်ကြီး) said...

အရာရာ အဆင်ပြေဖို့ ငိုစရာတွေပေးခဲ့
လေသလား...ခံစားချက်တွေ
အကြိမ်ကြိမ်စွေလို့....တဲ့လေ
စာသားလေးတွေသုံးထားတာ
အရမ်းကိုလှပပါတယ်